လ - ဇွန် 2023

စွန့်လွှတ်အနစ်နာခံခဲ့မှုကို ပြန်လည်အောက်မေ့ခြင်း

တနင်္ဂနွေနံနက်ဝတ်ပြုခြင်းအပြီးတွင်၊ ရုရှနိုင်ငံ၊ Moscow (မော်စကို)မြို့မှ ကျွန်ုပ်၏အိမ်ရှင်သည် ကျွန်ုပ်အား Kremlin (ကရင်မ်လင်း) ခံတပ်အဆောက်အအုံ အပြင်ရှိ စားသောက်ဆိုင်၌ နေ့လည်စာစားရန် ခေါ်သွားခဲ့သည်။ ရောက်ရှိသွားချိန်တွင် ကရင်မ်လင်း နံရံအပြင်ဘက်ရှိ အမည်မသိစစ်သား၏ဂူဗိမာန်အနီးသို့ မင်္ဂလာဝတ်စုံဝတ်ဆင်ထားကြသော ကြင်စဦးဇနီးမောင်နှံများ တန်းစီပြီးသွားနေကြသည်ကို သတိပြုမိခဲ့သည်။

ဤသို့ပျော်ရွှင်ဖွယ်နေ့လေးရရှိရေး အခြားသူများ၏အနစ်နာခံ ပေးဆပ်ခဲ့မှုအား ‌အောက်မေ့ခြင်းအစီအစဥ်ကို ၎င်းတို့မင်္ဂလာဆောင်သည့်နေ့တွင် တမင်ထည့်သွင်းကြခြင်းဖြစ်သည်။ မင်္ဂလာပန်းများကို အုတ်ဂူပေါ်သို့ချမီတွင် စုံတွဲများက ဓာတ်ပုံရိုက်ကြသည်။ ၎င်းသည် အလေးအနက်ဆင်ခြင်စရာ မြင်ကွင်းတစ်ခုပင်။

ကျွန်ုပ်တို့၏ဘဝ အတိုင်းအတာတစ်ခုအထိ ပြည့်စုံလာစေရန် စွန့်လွှတ်အနစ်နာခံပေးခဲ့ကြသော အခြားသူများကို ကျွန်ုပ်တို့အနေဖြင့် ကျေးဇူးတင်စရာအကြောင်းရှိပါသည်။ ထိုစွန့်လွှတ်အနစ်နာခံမှုများအားလုံးက အရေးပါ ပါသည်။ သို့သော် အရေးကြီးဆုံးစွန့်လွှတ်မှုတော့မဟုတ်ပါ။ ကားတိုင်ခြေရင်း၌ ကျွန်ုပ်တို့အတွက် သခင်ယေရှုပြုခဲ့သော စွန့်လွှတ်အနစ်နာခံမှုကို ကျွန်ုပ်တို့ မြင်ပါမှ ကယ်တင်ရှင်ယေရှုထံတွင် ကျွန်ုပ်တို့၏အသက်များ မည်မျှအကြွေးတင်နေကြောင်းကို စတင်နားလည် သဘောပေါက်လာမည်ဖြစ်သည်။

ပွဲတော်မင်္ဂလာခံယူရန်အတွက် သခင့်စားပွဲသို့လာသည်တွင် မုန့်နှင့်ခွက်အဖြစ်…

ဘုရားရှင် ကျွန်ုပ်တို့ကို အသစ်ပြုပြင်ပေးသည်

ဟိုတယ်ခန်းထဲမှ သုံးပြီးသားဆပ်ပြာအကျန်များကို ဘာလုပ်ပစ်ကြသနည်းဟု ခရီးသွားလုပ်ငန်း အမှုဆောင်အရာရှိ Shawn Seipler (ရှောန်စီပလာ)သည် ထူးဆန်းစွာတွေးကာ အဖြေရှာမရ ဖြစ်နေခဲ့သည်။ အမှိုက်အဖြစ် စွန့်ပစ်လိုက်သော ဆပ်ပြာတုံးသန်းပေါင်းများစွာကို အသစ်ပြန်လည်ဖန်တီးနိုင်သည်ဟု စီပလာယုံကြည်သည်။ ထို့ကြောင့် ဟိုတယ်ပေါင်း ရှစ်ထောင်ကျော်၊ အပျော်စီးသင်္ဘောလိုင်းများနှင့် အပန်းဖြေစခန်းများမှ စွန့်ပစ်ဆပ်ပြာ ပေါင်သန်းပေါင်းများစွာကို ပိုးသတ်ပြီး၊ ဆပ်ပြာတုံးအသစ်ပြန်ထုတ်လုပ်သည့် ‘Clean the World’ (ကမ္ဘာကိုသန့်ရှင်းပါ) လုပ်ငန်းကို သူတည်ထောင်ခဲ့သည်။ ထိုဆပ်ပြာများကို နိုင်ငံပေါင်း တစ်ရာကျော်မှ လိုအပ်နေသူတို့ထံပေးပို့ခြင်းဖြင့် ကျန်းမာရေးနှင့်ဆက်စပ်သည့် မရေတွက်နိုင်အောင်များသော သေဆုံးမှုများနှင့်ဖျားနာမှုများကို ကာကွယ်တားဆီးနိုင်ခဲ့သည်။

စီပလာက “ပြောရရင် ရယ်စရာဖြစ်နေမယ်။ ဒါပေမယ့် ဟိုတယ်ခန်းက ဆပ်ပြာတုံးလေးသည် အသက်တစ်ချောင်းကို ကယ်နိုင်တယ်” ဟု ဆိုသည်။

တစ်ဖန် ပြန်၍အသက်သစ်ပေးရန်အတွက် သုံးပြီးသား (သို့) ညစ်ပေသောအရာများကို ပြန်လည်စုသိမ်းခြင်းသည် ကျွန်ုပ်တို့၏ကယ်တင်ရှင် သခင်ယေရှု၏ အလွန်မြတ်နိုးဖွယ်သောလက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ ထိုသဘောအတိုင်းပင်…

ဘုရားသခင်၏ ကြီးမားသောတန်ခိုးတော်

Hurricane (ဟာရီကိန်း) မုန်တိုင်းကြောင့် အမေရိကန်နိုင်ငံရှိ ကြီးမားသော မစ္စစ္စပီမြစ်၏ရေစီးကြောင်း ပြောင်းလဲသွားခြင်းက မယုံကြည်နိုင်စရာပင်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူဝီစီယားနားကမ်းရိုးတန်းသို့ ဟာရီကိန်းအိုင်ဒါ (Ida) တိုက်ခိုက်ခဲ့ပြီး၊ အံ့ဩဖွယ်ရာဖြစ်ရပ်မှာ “ပြောင်းပြန်ရေစီးဆင်းခြင်း” ဖြစ်ပေါ်ကာ၊ ရေသည် မြစ်ကြောင်းအထက်သို့ဆန်လျက် နာရီပေါင်းများစွာ စီးဆင်းနေခဲ့သည်။

ဟာရီကိန်းမုန်တိုင်းတစ်ခုသည် ၎င်း၏သက်တမ်းတစ်လျှောက်တွင် နျူကလီးယားဗုံးပေါင်း တစ်သောင်းနှင့်ညီမျှသော စွမ်းအင်ထွက်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။ စီးဆင်းနေသောရေစီးကြောင်းကို ပြောင်းလဲစေနိုင်သည့် မယုံနိုင်စရာ ဤစွမ်းအားက ထွက်မြောက်ရာကျမ်းတွင် မှတ်တမ်းတင်ထားသော သာ၍ထူးခြားသည့် “ပြောင်းပြန်ရေစီးဆင်းမှု”အပေါ် ဣသရေလလူမျိုးများ၏တုံ့ပြန်မှုကို ကျွန်ုပ်အား နားလည်စေပါသည်။
ဣသရေလလူမျိုးများသည် ရာစုနှစ်များစွာ သူတို့ကျွန်ခံခဲ့ရသည့် အဲဂုတ္ထုလူမျိုးများထံမှ ထွက်ပြေးလာပြီးနောက်၊ ပင်လယ်နီအနီးသို့ ရောက်လာခဲ့ကြသည်။ သူတို့အရှေ့တွင် ကျယ်ပြောလှသော ရေပြင်ကြီးရှိပြီး၊ အနောက်တွင် စစ်ဝတ်တန်ဆာ အပြည့်အစုံနှင့် အဲဂုတ္ထု စစ်တပ်ကြီးရှိသည်။ လုံးဝမဖြစ်နိုင်ဟုထင်ရသောအခြေအနေတွင် “ထာဝရဘုရားသည် တစ်ညလုံး၌ အားကြီးသောအရှေ့လေအားဖြင့် ပင်လယ်ရေကို…

ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏

သင်းအုပ်ဆရာ Bob (ဘော့ဘ်)သည် ထိခိုက်မှုဒဏ်ရာကြောင့် သူ့အသံပျောက်သွားသောအခါ၊ သူသည် (၁၅) နှစ်ကြာမျှ အခက်အခဲနှင့် စိတ်ဓာတ်ကျမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ စကားမပြောနိုင်သော သင်းအုပ်ဆရာတစ်ယောက်သည် ဘာလုပ်ရမည်နည်း ဟူသော မေးခွန်းနှင့်ရုန်းကန်ခဲ့ရပြီး သူ၏ဝမ်းနည်းမှုနှင့် စိတ်ရှုပ်ထွေးမှုများကို ဘုရားသခင်ထံ ပုံအပ်ခဲ့သည်။ “လုပ်ရမည့်အရာတစ်ခုကို ငါသိတယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နောက် လိုက်လျှောက်ဖို့ပဲ” ဟု သူပြန်ပြောင်းပြောပြသည်။ သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့် အချိန်ကုန်စေသည်နှင့်အမျှ ဘုရားရှင်အပေါ် သူ၏ချစ်ခြင်းလည်း တိုးပွားလာသည်။ “အသက်တာတစ်ခုလုံးကို သမ္မာကျမ်းစာမှာပဲ စွဲမြဲနှစ်မြှုပ်ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်ခြင်းဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြားနာခြင်းကပဲ လာတာမို့ပါ” ဟု သူဆိုသည်။

ရောမမြို့သို့ပေးပို့သော တမန်တော် ရှင်ပေါလု၏စာတွင် “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” ဟူသောစကားရပ်ကို တွေ့ရသည်။ သူ၏ လူမျိုးချင်းဖြစ်သော ယုဒလူမျိုးအားလုံး ခရစ်တော်ကို ယုံကြည်ပြီး ကယ်တင်ခြင်းသို့ ရောက်စေရန် ရှင်ပေါလုလိုလားခဲ့သည် (ရော…

ခြေလှမ်းတစ်လှမ်းချင်းစီ

အဖွဲ့တစ်ခုစီတွင် လူသုံးဦးစီပါဝင်သော အဖွဲ့ (၁၂) ဖွဲ့သည် ပခုံးချင်းယှဉ်ရပ်နေကြပြီး ခြေလေးချောင်းပြိုင်ပွဲအတွက် ပြင်ဆင်နေကြသည်။ ဘေးနှစ်ဘက်မှ လူတစ်ဦးစီ၏ ခြေကျင်းဝတ်နှင့်ဒူးတို့ကို ရောင်စုံအဝတ်စများဖြင့် အလယ်မှလူ၏ခြေထောက်နှင့် ချည်နှောင်ထားကာ လူသုံးဦးအဖွဲ့များသည် ပန်းတိုင်သို့သာ စူးစိုက်ကြည့်နေကြသည်။ ဝီစီစမှုတ်သောအခါ၊ ၎င်းတို့သည် ရှေ့သို့ တိုး၍တိုး၍ သွားကြသည်။ အများစုမှာ လဲကျပြီး ခြေထောက်ပြန်ထောက်နိုင်ရန် ရုန်းကန်နေရသည်။ အဖွဲ့အချို့က လမ်းလျှောက်မည့်အစား ခုန်၍သွားကြသည်။ အဖွဲ့အချို့ကမူ လက်လျှော့လိုက်ကြသည်။ သို့သော် အဖွဲ့တစ်ဖွဲ့သည် နောက်ကျမှစတင်ခဲ့ပြီး ၎င်းတို့၏အစီအစဉ်ကို အတည်ပြုပြီးမှ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ကာ ရှေ့သို့လှမ်းလာခဲ့သည်။ ထိုအဖွဲ့သည် လမ်းတစ်လျှောက်တွင် လဲကျခဲ့သော်လည်း ကြိုးစားလျက်၊ နောက်ဆုံး အသင်းအားလုံးကို ကျော်တက်ခဲ့သည်။ ခြေလှမ်းတစ်လှမ်းချင်းစီတွင် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်လိုစိတ်က သူတို့ကို အတူတကွ ပန်းဝင်စေခဲ့သည်။

ယုံကြည်သူအသိုင်းအဝိုင်းတွင် ဘုရားသခင်အတွက် အသက်ရှင်နေထိုင်ခြင်းသည် ခြေလေးချောင်းပြေးပွဲတွင် ရှေ့သို့လှမ်းရန် ကြိုးစားသကဲ့သို့ စိတ်ပင်ပန်းမှုများဖြစ်ရပြီး၊ မိမိနှင့်…